ကျွန်ုပ်တို့အကြောင်းနှင့် ကျွန်ုပ်တို့၏ ရပ်တည်မှု
Grab ၏ တရားဝင်ဘလော့ဂ်မှ သတင်းနှင့် အကြောင်းအရာများ
ရင်းနှီးမြှုပ်နှံသူတွေတွက် အချက်အလက်များ
ကျွန်ုပ်တို့၏ အိမ်ဟု ခေါ်တွင်သော မြို့များ၊ နိုင်ငံများ
သင့်လုံခြုံရေးအတွက် ကျွန်ုပ်တို့၏ ပုံမှန်လုပ်ဆောင်မှုများ
ကြှနျတောျတို့ ဝနျဆောငျမှုပေးနသေည့ျလူမှုဝနျးကငြျအပေါျ အကြိုးသကျရောကျမှု
နောက်ဆုံးရ သတင်းများ၊ ထုတ်ပြန်ကြေညာချက်များ
အရှေ့တောင်အာရှ ဖွံ့ဖြိုးတိုးတက်ရေး ကျွန်ုပ်တို့၏ ရည်ရွယ်ချက်တွင် ပူးပေါင်းဆောင်ရွက်ပါ
ကျွန်တော်တို့ရဲ့ ရန်ပုံငွေဟာ အရှေ့တောင်အာရှရှိ လူမှုအသိုင်းအဝိုင်းများကို အားဖြည့်ပေးမယ့်ရန်ပုံငွေဖြစ်ပါတယ်။
နောက်ဆုံးပေါ် အကြောင်းအရာများနှင့် လျှော့ဈေးပရိုမိုကုဒ်များ
A မှ B သို့ ရောက်အောင် သင့်အားပို့ဆောင်ရာတွင် ပါဝင်သောလုပ်ဆောင်ချက်များ
သင့်အိမ်တံခါးဝ ရောက်လာမယ့် သင့်အကြိုက် စားစရာများ
လိုအပ်သမျှ အစုံအလင်ရှိတာ
Grab သုံးစွဲသူအဖြစ် သီးသန့်အထူးခံစားခွင့်များ
Grab တွဲဖက်ယာဉ်မောင်းများအတွက် နောက်ဆုံးရသတင်းများ၊ ထုတ်ပြန်ကြေညာချက်များ
မိမိစိတ်တိုင်းကျ ကြိုက်တဲ့အချိန်တွင် မောင်းနှင်ပါး
အနီးဆုံး Driver Centre ကို ရှာပါ
အကောင့်ပြဿနာများ၊ App ပြဿနာများနှင့် အခြားအရာများအတွက် အကူအညီရယူပါ။
မိတ်ဖက်ဆိုင်လုပ်ငန်းအဖြစ် သင့်ခရီးကို စတင်ပြီး သန်းနှင့်ချီသော သုံးစွဲသူများထံ ဆက်သွယ်လိုက်ပါ။
သင့်စီးပွားရေး လိုအပ်ချက်အလိုက် ပေးအပ်သော Grab ဝန်ဆောင်မှုများ
ကျွန်ုပ်တို့နှင့် ပူးပေါင်းပြီး အွန်လိုင်းမှ၊ ပြင်ပထိ သုံးစွဲသူ ရယူပါ
သုံးစွဲသူများ၊ ဧည့်သည်များနဲ့ ဝန်ထမ်းများအတွက် Grab ဘောက်ချာများ ပြုလုပ်ပေးပါ
စီးပွားရေးလုပ်ငန်းများအတွက် ဒေသနယ်မြေအလိုက် မြေပုံနည်းပညာများနှင့် တည်နေရာအချက်အလက်ဖြေရှင်းချက်များ
ကျွန်တော်တို့ရဲ့ app နဲ့ နောက်ခံစနစ်တွေဟာ အသုံးပြုသူတွေရဲ့အကောင့်များ၊ ငွေပေးငွေယူအချက်အလက်နဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ကာကွယ်ပေးတဲ့ အကောင်းဆုံးအဆင့်ရှိ လုံခြုံရေးလုပ်ဆောင်မှုများကို အသုံးပြုထားတာ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ပြင်ပအဖွဲ့အစည်းများက အလွဲသုံးစားလုပ်ခြင်းမှ တားဆီးပေးတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ သင့်အချက်အလက်တွေရဲ့ လုံခြုံရေး သို့မဟုတ် ကိုယ်ရေးကိုယ်တာအချက်အလက်တွေအား ထိခိုက်စေခြင်း ရှိ၊ မရှိကို စစ်ဆေးပေးမှာဖြစ်ပါတယ်။
ဒါကတော့ သင့်အကောင့်မှာ လိမ်လည်လှည့်ဖြားတဲ့ လုပ်ဆောင်ချက်များကို တားဆီးတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ရည်ရွယ်ချက်နဲ့ဖြစ်စေ၊ မတော်တဆဖြစ်စေ သင့်အကောင့်ကို အခြားသူများဝင်ရောက်ရယူခြင်းအန္တရာယ် လျှော့ချနိုင်ရန်အတွက် အကောင့်ထဲ ဝင်ရောက်ရန် ကြိုးပမ်းနေသူဟာ သင် ဖြစ်ကြောင်းကို အတည်ပြုမှာ ဖြစ်ပါတယ်။
အကောင့်လုံခြုံရေး ပိုကောင်းစေရန်အတွက် ပြုပြင်ထားတဲ့စက်များနဲ့ ၎င်းတို့ရဲ့ Grab အကောင့်ကို ဝင်ရောက်အသုံးပြုသူတွေဟာ ၎င်းတို့ရဲ့ Grab ယာဉ်မောင်းအကောင့်ထဲကို ဝင်ရောက်နိုင်မှာ မဟုတ်ပါ။
Grab FairPlay ကဏ္ဌက Grab သုံးစွဲသူများကို Grab အသိုင်းအဝိုင်းအတွင်းမှာ လိမ်လည်လှည့်ဖြားတဲ့ လုပ်ဆောင်ချက်များရှိလာပါက သတင်းပို့ရန် လှုံ့ဆော်တဲ့ ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။
သင်၏အထောက်အထားနှင့် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဆက်သွယ်ရေးချန်နယ်အားလုံးမှာ - GrabChat၊ VOIP ခေါ်ဆိုမှုများနှင့် တိုက်ရိုက်ခေါ်ဆိုမှုများကို (နံပါတ်ဖုံးကွယ်ထားခြင်းဖြင့်) လုံခြုံစွာ ထားရှိထားပါတယ်။
ကိုယ်ရေးကိုယ်တာအချက်အလက်များနဲ့ ငွေပေးချေမှုကိစ္စများအားလုံးကို 24/7 လိမ်လည်မှုရှာဖွေရေးနည်းစနစ်ဖြင့် ကုဒ်ဝှက်ပြီး ကာကွယ်ထားပါတယ်။
Android စက်များမှာ လက်ဗွေရာဖတ်စစ်ဆေးခြင်း(သို့မဟုတ်) iOS မှာ Face ID နဲ့ စစ်ဆေးအတည်ပြုခြင်းတို့ကို လုပ်ဆောင်နိုင်ပါတယ်။
GrabPay ကဒ် ပျောက်ဆုံးသွားပါက (သို့မဟုတ်) အထားမှားပြီး ရှာဖွေမတွေ့ရှိပါက Grab app တွင်းမှ ကဒ်သုံးစွဲမှုကို ချက်ချင်းပိတ်ထားပေးပါတယ်။
GrabPay ဟာ ငွေပေးချေမှုအတွက် လုံခြုံရေး အမြင့်ဆုံးဖြစ်သည့် PCI DSS အဆင့် 1 နဲ့ ကိုက်ညီပါတယ်။ သင့်ဒေတာကို သိမ်းဆည်းခြင်း၊ ပေးပို့ခြင်းနဲ့ လုပ်ဆောင်ခြင်းများပြုလုပ်ရာမှာ ကျွန်တော်တို့ဟာ အတင်းကျပ်ဆုံး စံနှုန်းများကို ကျင့်သုံးပါတယ်။
ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုရယူနေချိန်မှာ သုံးစွဲသူအနေနဲ့ရော မိတ်ဖက်များအနေနဲ့ပါ အန္တရာယ်ရှိတယ်လို့ ခံစားရမှာ မဟုတ်ပါဘူး။ Grab အနေနဲ့ သင်ဘယ်နေရာပဲရောက်ရောက် ဘယ်ဝန်ဆောင်မှုကိုပဲယူယူ အဆင်ပြေချောမွေ့ပြီး ဘေးကင်းဖို့အတွက် အချိန်ပြည့် စောင့်ကြည့်ပေးနေမှာဖြစ်ပါတယ်။
မှတ်ပုံတင်စာရင်းသွင်းထားတဲ့ မိတ်ဖက်ယာဉ်မောင်းများသာ Grab အက်ပ်မှတစ်ဆင့် အော်ဒါများကို လက်ခံရရှိနိုင်စေရန်အတွက် အချိန်နှင့်တပြေးညီ ဆယ်လ်ဖီရိုက်ပြီး စိစစ်အတည်ပြုရန် လိုအပ်ပါတယ်။ မိတ်ဖက်ယာဉ်မောင်းများကို ကာကွယ်ပေးရန်အတွက် ခရီးသည်များကိုတော့ ဘဏ်ကဒ် သို့မဟုတ် ဆယ်လ်ဖီရိုက်ပြီး အတည်ပြုပေးခြင်းဖြင့် စိစစ်အတည်ပြုမှာ ဖြစ်ပါတယ်။
စီးနင်းနေစဉ်အတွင်း အသံဖမ်းယူခြင်းကို ဖွင့်ထားခြင်းဖြင့် ခရီးစဉ်တိုင်းအတွက် လုံခြုံမှုရှိပါစေ။ အသံမှတ်တမ်းတင်ခြင်းအား ကုဒ်စနစ်ဖြင့်ဝှက်ထားမှာဖြစ်ပြီး ဘေးကင်းလုံခြုံရေးဆိုင်ရာ ဖြစ်ရပ်တစ်ခု ဖြစ်ပွားမှသာ စစ်ဆေးရန်အတွက် အသုံးပြုမှာ ဖြစ်ပါတယ်။
Quiet Ride' ကို ရွေးချယ်ခြင်းဖြင့် စကားပြောဆိုမှုအနည်းဆုံးဖြင့် သင် သွားလိုရာသို့ သက်သောင့်သက်သာ လိုက်ပါစီးနင်းလိုက်ပါ။
သင့်အတွက် ကူညီပေးဖို့ ကျွန်တော်တို့ ဒီမှာ အချိန်ပြည့်ရှိပါတယ်။ အရေးပေါ်အကူအညီများ၊ ဘေးကင်းလုံခြုံမှုနဲ့ပတ်သက်တဲ့ ကိစ္စရပ်များကို အကြောင်းကြားခြင်းနဲ့ ခရီးစဉ်အချက်အလက်ကို ချစ်ခင်သူများထံသို့ မျှဝေခြင်းများ ပြုလုပ်လို့ ရပါတယ်။
Grab က သင့်ခရီးစဉ်ကို အချိန်ပြည့်စောင့်ကြပ်ကြည့်ရှုပေးပြီး အန္တရာယ်ဖြစ်နိုင်တယ်လို့ ယူဆတဲ့အချိန်များမှာ သုံးစွဲသူထံသို့ အကြောင်းကြားစာပို့ပြီး မေးမြန်းပေးပါတယ်။
နာရီပေါင်းများစွာ ဆက်တိုက်မောင်းနှင်ခြင်းက မိမိကိုယ်ခန္ဓာကို ပင်ပန်းနွမ်းနယ်စေပါတယ်။ ဒါကြောင့် အကြံပြုထားတဲ့ သတ်မှတ်မောင်းနှင်ချိန်ထက် ကျော်လွန်ပြီး မောင်းနှင်နေပါက အဆိုပါယာဉ်မောင်းထံ လုံလောက်စွာ အနားယူဖို့ အချိန်မီ သတိပေးချက်များကို ပေးပို့ပေးမှာ ဖြစ်ပါတယ်။
ဘယ်လိုအနေအထားမှာ အန္တရယ်ဖြစ်ပွားနိုင်တယ်ဆိုတဲ့ အသေးစိတ် သုံးသပ်ချက်များကို app ထဲမှာရှိတဲ့ ဘေးကင်းစွာ မောင်းနှင်းခြင်း အစီရင်ခံစာကို ယာဉ်မောင်းတစ်ယောက်ချင်းစီအား ပေးပို့ပေးပါတယ်။
သင့်ထံ ပေးပို့တဲ့ အစားအစာများရဲ့ ဘေးကင်းမှုနဲ့ အရည်အသွေးအကြောင်း အကြံပြုချက်များကို ပေးပို့ခြင်းဖြင့် ကျွန်တော်တို့နဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက်လုပ်ငန်းရှင်များက ပြုပြင်သင့်တာတွေကို သိမှာဖြစ်ပါတယ်။
ယခုမူဝါဒများဟာ နေ့စဉ် လူတိုင်းအတွက် ပိုမိုဘေးကင်းလုံခြုံအောင် ဖန်တီးပေးပါတယ်။
ပိုမိုသိရှိရန်
Grab Center 1 11 A, Kanbawza Yeik Thar Street, Shwe Taung Kyar Ward, Bahan Township, Yangon, Myanmar Grab Center 2 BOC petrol Station Number 2 Main Road, Intersection of South & North Dagon, Yangon, Myanmar